Lily K Lishou Products & Online E-Money Exchange Services

Lily K Lishou Products & Online E-Money Exchange Services

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lily K Lishou Products & Online E-Money Exchange Services, Beauty, cosmetic & personal care, Pyinmana.

04/05/2023

ကံထူးပါစေ😁

နာမည်အရင်းမှာ ဖြစ်ဖြစ်…
Fb Account Name မှာဖြစ်ဖြစ် …
Lily ပါတဲ့ မမတို့ ရှိလားရှင် 📣📣📣

ဒီ ပို့စ်လေးကို ရှဲပြီး SS လေးမန့်ပြီး ကံစမ်းပေးကြပါဦးနော…
ကံထူးသူ (၂) ယောက်ကို ပုံမှာပါတဲ့ Lily Block Heel ကို လက်ဆောင်ပို့ပေးသွားမယ်နော် …
(((Delivery Fee လေးကိုတော့ winners များကပဲ့ ကျခံရပါမယ်ရှင်။ )))

အားလုံးပဲ့ ကံထူးကြပါစေ🫶🏻🫶🏻🫶🏻🫶🏻

26/04/2022

သင့်ကျန်းမာရေးကောင်းပြီး ခန္ဓာကိုယ်က Sexyကျနေဖို့ဆိုရင် ကနေ့မှစပြီး ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ

1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2021 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီ၀က်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။

လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။

(အရူးလို့တော့ မထင်လောက်ပါဘူးနော်... :P)

Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရယ်ပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစု၀င်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာ ပါပဲ။

35. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

36. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

37. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်ပျော်ပျော်သာနေပါ

Photos from Lily K Lishou Products & Online E-Money Exchange Services's post 11/03/2022

ခုတလော တွေ့နေရတဲ့ မိမိအသုံးပြုနေတဲ့
Wave acc ဖွင့်ထားတဲ့ Sim Card ပျောက်သွားတာ ဒါမှမဟုတ် Ph ပျောက်သွားလို့ Wave acc ထဲက မိမိပိုက်ဆံ မဆုံးရှူံးရအောင် Wave money ရဲ့ Emailကို စာတင်ပုံ တင်နည်းလေး လုပ်ဆောင်ပုံ
အဆင့်ဆင့်ပြန်လည်ပီး​​ မျှဝေပေးချင်ပါတယ်ရှင့်😊
🚫ကျမကိုယ်တိုင် Sim card ပျောက်သွားတဲ့ Acc ထဲ ငွေ ၃၀၀၀၀ ကို ပြန်လည်ရယူတဲ့ နည်းလေးပါ...တချိန်မဟုတ် တချိန်လိုအပ်ရင် အသုံးဝင်လာပါလိမ့်မယ် 😉
No.1 👉 Call Center ကို ဆက်သွယ်ပါ ✅
Call Center ကို ဆက်သွယ်တဲ့အခါ အချိန်က အရမ်းအရေးကြီးပါတယ် ပျောက်ပျောက်ချင်း ဆက်သွယ်ရင် ပိုကောင်းပါတယ်...
No.2 👉 Wave acc ပိတ်ခိုင်းပါ ✅
မိမိရဲ့ Sim Card ပျောက်သွားတဲ့အကြောင်း ပြောပြပီး လတ်တလော အသုံးပြုနေတဲ့ Wave Acc ကို ပိတ်ခိုင်းပါ...ပုံမှန်အသုံးပြုနေတဲ့သူတွေအတွက် Acc ပိတ်ခိုင်းတာက သိပ်မလိုပေမဲ့ OS သမားတွေ
Pay တွေနဲ့ စီးပွားရေးလုပ်နေတဲ့သူတွေအတွက်ဆို သိပ်အရေးကြီးပါတယ် 😥.......မိမိငွေပြန်ရယူဖို့အတွက် စာတင်ပေး​ဖို့အကြောင်းကြားပါ
No.3 👉 ​ငွေပြန်လည်ရယူရန် စာတင်နည်း ✅
စာတင်တဲ့အခါ ဖော်ပြပါ Wave ကုမ္ပဏီရဲ့ mail လိပ်စာကို ပို့ပေးရမှာဖြစ်ပါတယ်
မိမိရဲ့အမည်/မှတ်ပုံတင်အမှတ်/ပျောက်သွားတဲ့ Ph no/ပျောက်တဲ့ရက်စွဲ/ Acc ထဲမာ ရှိတဲ့ငွေပမာဏ ​(အတိအကျသိရင်ပိုအဆင်ပြေတယ်ရှင့်)နဲ့
ငွေပြန်ထည့်ပေးဖို့ Lv.2 အဆင့်ရှိတဲ့ Ph no နဲ့ မှတ်ပုံတင်ထားတဲ့ အမည် မှတ်ပုံတင်အမှတ်အပြည့်အစုံ ထည့်သွင်းရေးသားပေးရမှာပါ📝
⛔စာရေးပီးတာနဲ့ မိမိရဲ့ မှတ်ပုံတင်ရှေ့ဘက်တစ်ပုံ/ ကျောဘက်တစ်ပုံ/ စာပေါ်မှာ မှတ်ပုံတင်ရှေ့ဘက် တင်ပီး ရိုက်ထားတဲ့ပုံတစ်ပုံ/ ကျောဘက်တင်ပီး ရိုက်ထားတဲ့ပုံတစ်ပုံ ပေါင်း ၄ ပုံလိုပါတယ်
⛔ဒီအချက်တွေအားလုံးပီးသွားရင်တော့
Mail ပို့လို့ရပါပီ 📂 Wave က မိမိ ထည့်ခိုင်းထားတဲ့ Lv.2 Acc Ph no ကို Comfirm လှမ်းလုပ်ပီးတော့
ပြန်လည်ဆက်သွယ်ပါလိမ့်မယ်နော် 🤗
⛔စာရေးပုံရေးနည်းလေး ပြပေးထားပါတယ်နော်
အားလုံးပဲ အဆင်ပြေကြပါစေရှင့် 😊

11/03/2022
Photos from Lily K Lishou Products & Online E-Money Exchange Services's post 11/03/2022

ပိုက်ဆံအိတ်ထဲက ငွေတွေ ပါးလာတာကို ကြည့်ပြီး ဒါမှမဟုတ် ဘဏ်အကောင့်ထဲက သုညတွေလျော့လာတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင်း စိတ်ပူရတဲ့ အခြေအနေမျိုး ကြုံဖူးကြတယ်မလား။
ဒါဟာ ငွေကြေးဆိုင်ရာ စိတ်ဖိစီးမှု (Financial stress) ပါပဲ။ အဲဒီတော့ Financial Stress ဆိုတာကို ဘယ်လိုကျော်လွှားကြမလဲ။ အဓိကကတော့ ဝင်ငွေနဲ့ ထွက်ငွေကို မျှတအောင်သုံးစွဲဖို့ပါပဲ။ အပိုဝင်ငွေထပ်ရလာအောင်ကြံရင်း၊ လစဉ်အသုံးစရိတ်ကို ပြန်ဆန်းစစ်ရင်းနဲ့ ဝင်ငွေထွက်ငွေမျှလာတဲ့အခါ ငွေရေးကြေးရေးကြောင့် စိတ်ဖိစီးရတာတွေ သက်သာလာမှာပါ။
ဒါကြောင့်မို့ ငွေကြေးနဲ့ပတ်သက်ပြီး စိတ်တွေမဖိစီးရအောင်လို့ ဆောင်ရန်ရှောင်ရန်လေးတွေ မျှဝေလိုက်ရပါတယ်။
----------------------------------------------------------------------

19/02/2022

ပိန်ချင်တယ်ဆို.....

ဒါတွေ လျှော့ပြီး ❌ ဒါတွေ လုပ် ✅

18/02/2022

💁 ခန္ဓာကိုယ်ကအဆီလေးတွေကျပြီး Smart Body လေးကို ပိုင်ဆိုင်ချင်တဲ့ ကိုကို၊မမတွေ အတွက်🧍💃

👉ဗိုက်ခေါက်ပြုတ်ချင်လား ❓လက်မောင်းလုံး၊ ပေါင်လုံးကြီး ၊ ခြေသလုံးသေးချင်လား❓🧏

💁တစ်ကိုယ်လုံးမှာရှိတဲ့ မလိုအပ်တဲ့အဆီပိုတွေဖယ်ရှားချင်လား😉

ဝိတ်ချရခတ်လို့ အဆီကျဆေး မျိုးစုံသုံးဘူးပေမယ့် ဝိတ်မကျလို့ စိတ်ညစ်နေလား ❓😭

အဲ့ပြဿနာတွေကို ဖြေရှင်း‌ပေးဖို့အတွက်😘Lishou😘လေးရှိပါတယ်😍😍😍

😍Lishou😍 ဆေးလေးက အချိန်တစ်လအတွင်းပျမ်းမျှ 10lb ကနေ 20lb ထိကျပါတယ်😱

ပေါင် ၂၀၀ ၀န်းကျင်ဆိုရင် တစ်နေ့ ၂လုံး သောက်သုံးနိုင်ပါတယ်နော် 💐

တစ်ဗူး 30000 mmk
စမ်းသောက်ချင်သူများအတွက် အလုံး20 တစ်၀က် လဲ၀ယ်ယူအားပေးနိုင်ပါတယ်နော်။

Lishouအဆီကျဆေးစစ်မစစ်ကို
(1) အပြာရောင်လိပ်ပြာစတေကာ
(2) ကုမ္ပဏီဆေးအိတ်
(3) ကုမ္ပဏီ အာမခံဘောင်ချာ
(4) ကုမ္ပဏီ ဆေးညွှန်းကဒ် ပါမပါစစ်ဆေးပြီးမှ ၀ယ်ယူကြပါရှင်။

Agent at L.M lishou Blue Butterfly Co.Ltd

13/02/2022

For Mytelpay 🤗📣📣

11/02/2022

မနက်ဖြန် (၁၂/၀၂) မနက် ၄နာရီ - ည ၁၁ ထိ အင်တာနက်ပိတ်မယ်တဲ့နော် 🤧

11/02/2022

ကိုယ်မှဝင်မကူရင် ဒီနေ့ deli ကပို့ရမယ့်ပုံမပေါ်ဘူး

09/02/2022

#ပိုးက (၅)ရက်ဆို သူ့အလိုလို သေတယ်

နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪

🔰၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာရှိနေရင်အကုန်ကူးဖို့များတယ်။

🔸အထူးသဖြင့် ... အိမ်ကျဉ်းပြီး အခန်းနည်းရင်
အပြင် (open air) မှာ ကိုဗစ်က မအောင်းနိုင်ဘူး။

🔰၂။ air borne ဆိုပေမယ့် တစုံတယောက်က
နှာချေလိုက်မှ အမှုန် droplet လေးတွေက
လေထဲမှာကြာကြာနေတာပါ။

🔹.Mask တို့ Face Shield တို့တပ်ထားရင် လုံခြုံတယ်။

🔹.ကိုဗစ်ဟာ အတောင်ပံနဲ့ လျှောက်ပျံနေတာ မဟုတ်ဖူး။

🔰.၃။ ကိုဗစ်ပိုးဟာ နှာခေါင်း၂-ပေါက်၊ ပါးစပ်၊ မျက်စိ၂-လုံးကဘဲ ဝင်နိုင်တယ်။

🔹.ခြေထောက်ကနေ၊ကျောကုန်းကနေ မ၀င်နိုင်ဘူး။

🔹.Mask တပ်ဖို့၊ face shieldတပ်ဖို့ဘဲ အရေးကြီးတယ် ။

🔰.၄။မျက်ကပ်မှန်သုံးတဲ့လူတွေ အခုကာလမှာ
ရိုးရိုးမျက်မှန်သုံးပါ။

🔸.မျက်စိကိုအကာအကွယ်ရတဲ့အပြင်၊
မျက်လုံးထဲ လက်ထည့်စရာမလိုဘူး။

🔰.၅။အပြင်က ပြန်လာတိုင်း အဝတ်လျှော်ရေချိုးဖို့မလိုဘူး။

🔹.အဝတ်လဲပြီး အဟောင်းကို ကြွပ်ကြွပ်အိတ်ထဲ ထည့်ထားလိုက်ပါ။

🔹.အားမှလျှော်။
မလျှော်လဲ (၅)ရက်ကြာရင် ပိုးကအလိုလို သေသွားလိမ့်မယ်။

🔰.၆။ အရေးကြီးတာက 👇👇

🔹.အော်ကျယ်ပြောနေတဲ့လူ..

🔹.ချောင်းဆိုးနေတဲ့ နှာချေနေတဲ့ လူ..တွေကို
ဝေးဝေးက ရှောင်ပါ။

🔰.၇။အိမ်ထဲမှာ ပိုးနည်းနည်းပါးပါးရောက်နေရင်လဲ ကိစ္စမရှိဘူး။

🔸 ၅-ရက်ဆို ပိုးက သူ့အလိုလိုသေတယ်။

🔸.ရွရွလျှောက်ပြေးနေတာ မဟုတ်ဘူး။

🔸.သူ့ဖာသာသူ ကပ်နေတာ။

🔸.ကိုယ်က လက်နဲ့ယူပြီး နှာခေါင်းနိုက် .မျက်စိပွတ်..ပါးစပ်နိုက်မှ ..
ဝင်ကုန်တာ။

🔹.ဒါကြောင့် လက်ဆေးခိုင်းတာ။🔹

🔰၈။ လေဝင်လေထွက်ကောင်းဖို့ ပို အရေးကြီးတယ်။

🔹.ပြူတင်းပေါက်ဖွင့်ပြီး ပန်ကာဖွင့်ထားတာက
အလုံပိတ်ပြီး အဲကွန်းဖွင့်ထားတာထက် ပိုကောင်းတယ်။

🔹.ပညာပေးဆောင်းပါးများကို မျက်ခြည်မပြတ် ဖတ်ရှုပြီး
နောက်ဆုံးတွေ့ရှိချက်များကို အခြေပြု၍ ရေးသားပါသည်။

🔹.ကပ်ဆိုးကြီးကိုကျော်လွှားနိုင်ပြီး
အားလုံး ကျန်းမာချမ်းသာကြပါစေ။🔹

( ဝင်ဖတ်ရုံဆို သင်ပဲသိမယ် ပြန်ကူးတင်ရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ )

Crd ပါမောက္ခဦးသိန်းဝင်း💪🤝👍

Culinary Team

Attire

Telephone

Website

Address


Pyinmana

Alerts

Be the first to know and let us send you an email when Lily K Lishou Products & Online E-Money Exchange Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pyinmana.