Fresh Fuel By Jasmine

Fresh Fuel By Jasmine

共有する

Kitchen & food safety tips
Simple habits for a healthier home 🏡

30/09/2026

(မယိုနိစ်)ကို အပြင်မှာ ဘယ်လောက်ကြာကြာ ထားလို့ရပါသလဲ❓

⏰ ဘူးဖွင့်ပြီးသားဆိုရင် ၂ နာရီထက် ပိုမထားသင့်ပါဘူး။

❄️ဘူးဖွင့်ပြီးရင် - ရေခဲသေတ္တာထဲ ချက်ချင်းထည့်ပါ။ (၂ လမှ ၃ လအထိ သုံးလို့ရ)

🏠အိမ်လုပ် မယိုနိစ်ဆိုရင် - ရေခဲသေတ္တာထဲမှာပဲ ထားပြီး ၃ ~ ၅ ရက်အတွင်း စားပါ။

➡️ ဘူးဖွင့်ပြီးသား mayonnaise (မယိုနိစ် )
ရေခဲသေတ္တာထဲ မထည့်ရင် ဘာဖြစ်မလဲ❓

အခန်းအပူချိန်မှာ ၂ နာရီထက် ပိုထားရင် ဝမ်းပျက်ဝမ်းလျှောနဲ့အစာအဆိပ်သင့်စေတဲ့ ဗက်တီးရီးယားတွေ အမြန်ပေါက်ဖွားလာနိုင်ပါတယ်။

❌အနံ့ပြောင်း၊ အရောင်ပြောင်း၊ ဆီနဲ့အနှစ် ကွဲထွက်သွားရင် - လုံးဝ မစားပါနဲ့တော့။

❗အထူးသဖြင့် အိမ်လုပ် မယိုနိစ် (Homemade mayonnaise) ဆိုရင်တော့ ကြက်ဥအစိမ်း ပါဝင်တာမို့ ရေခဲသေတ္တာထဲမှာပဲ အမြဲထားပြီး
၃ ရက်ကနေ ၅ ရက်အတွင်း စားသုံးပေးပါ။

မိသားစုတွေရဲ့ ကျန်းမာရေးအတွက် အစားအသောက် ဘေးကင်းလုံခြုံရေး
(FoodSafety) ကိုသတိထားကြစို့နော်...

ဒီလို food safety tips လေးတွေအတွက်
Fresh Fuel by Jasmine ကို follow လုပ်ထားဖို့
မမေ့နဲ့နော်

#အစားအစာ

30/09/2026

🍂 🍂 🍂 🍂 🍂

29/09/2026

#ထမင်း မသိုးအောင်အိုးသန့်ရှင်းရေးနဲ့ ချက်ပြုတ်ပုံ နည်းလမ်း ၃ ချက်ကိုပဲ စနစ်တကျ လုပ်ပေးရင် ထမင်း ကြာရှည် အထားခံပါတယ်။

၁။ ဆန်ကို ရေကြည်သည်အထိ စင်ကြယ်အောင် ဆေးပါ 💦

၂။ ထမင်းကျက်လျှင် အငွေ့ရိုက်ထုတ်ပြီး အိုးဖုံးရေစက်များ ခါထုတ်ပါ 💨

၃။ ထမင်းပေါင်းအိုး (Rubber gasket)အဖုံးဂါစကတ်နှင့် လေထွက်ပေါက်များကို ပုံမှန် ဆေးကြောပါ 🧼

ဒီနည်းလမ်းလေးကို Save ထားပြီး အိမ်မှာ
စမ်းကြည့်လိုက်ပါဦးနော်!

#ထမင်း #မီးဖိုချောင်

28/09/2026

⚠️ Non-stick ဒယ်အိုးကို “မကပ်ဘူး” ဆိုပြီး ပေါ့ပေါ့ဆဆ မသုံးပါနဲ့!

❌ဒယ်အိုးအလွတ်ကို မီးပြင်းပြင်းနဲ့ အပူမပေးပါနဲ့။
အပူချိန်လွန်ကဲသွားရင် အပေါ်ယံ Coating ပျက်စီးနိုင်ပြီး အန္တရာယ်ရှိနိုင်ပါတယ်။

❌ စတီးဇွန်း၊ ဓား စတဲ့ သတ္တုပစ္စည်းတွေနဲ့ မခြစ်ပါနဲ့။
Coating ကို ခြစ်မိပြီး ပျက်စီးစေနိုင်ပါတယ်။

❌ Coating ကွာကျနေပြီလား?
❌ ခြစ်ရာ၊ အကွဲကြောင်းတွေ ရှိနေပြီလား?

ဆက်မသုံးဘဲ ဒယ်အိုးအသစ်လဲလှယ်ပါ။

မိသားစုအတွက် နေ့စဉ်ချက်ပြုတ်တဲ့အခါ non stick အိုးများ​၏အပူလွန်ကဲမှုနဲ့ Coating ပျက်စီးမှုကို အထူးဂရုစိုက်ပါ။

📌 ဒယ်အိုးနဲ့ပတ်သတ်ပီး
ဂရုပြုသင့်တာတွေကိုမိသားစုဝင်တွေအတွက်လည်း Share ပေးပါနော်

#မီးဖိုချောင်

26/09/2026

#အစားအစာ တိုင်းကို Microwave နဲ့ ပြန်နွှေးလို့ မကောင်းပါဘူး!

Microwave နဲ့ နွှေးလိုက်ရင် ပျော့သွားတာ၊ ကြွပ်ကြွပ်ရွရွ မဖြစ်တော့တာမျိုး ဖြစ်နိုင်ပါတယ်။

နောက်တစ်ခါ အေးသွားတဲ့အခါ နည်းလမ်းမှန်လေးနဲ့ ပြန်နွှေးကြည့်ပါနော်

📌 နည်းလမ်းလေးတွေကို
ပြန်ကြည့်ဖို့ Save ထားပီး
မိသားစုဝင်တွေနဲ့သူငယ်ချင်းတွေကိုလည်း Share ပေးပါနော်

#စားကြမယ်

24/09/2026

#မီးဖို အနားမှာ ဒီပစ္စည်းတွေကို မထားမိအောင် သတိထားပါ! ⚠️

ချက်ပြုတ်ရင်း မီးဖိုနားမှာ အလွယ်တကူထားမိတတ်တဲ့ ပစ္စည်းတချို့က အပူနဲ့ မီးတောက်အနီးမှာရှိရင် မီးလောင်မှုအန္တရာယ်ကို တိုးစေနိုင်ပါတယ်။

မိသားစုနဲ့ သူငယ်ချင်းတွေကိုသတိထားနိုင်အောင် ဒီဗီဒီယိုလေးကို Share ထားဖို့ မမေ့နဲ့နော်!

#မီးဖိုချောင် #မီးဖို

22/09/2026

#မုန်လာဥဖြူ ကို ချက်ပြီးတဲ့နောက်မှာလည်း သိမ်းဆည်းပုံနဲ့ အခြေအနေကို သတိထားဖို့လိုပါတယ်

❌ အခန်းအပူချိန်မှာ အချိန်ကြာကြာထားထားတာ
❌ ချွဲချွဲစေးစေး ဖြစ်လာတာ
❌ အနံ့မကောင်းတော့တာ
❌ မှိုတက်လာတာ
❌ အရောင်နဲ့ Texture ပုံမှန်မဟုတ်တော့တဲ့အခါ

မစားဘဲ လွှင့်ပစ်တာ ပိုလုံခြုံပါတယ်။

အစားအစာတွေကို အရသာရှိဖို့တင်မကဘဲ သိမ်းဆည်းပုံနဲ့ Food Safety ကိုပါ ဂရုစိုက်ကြရအောင်နော်

#မုန်လာဥဖြူ #မီးဖိုချောင် #စားကြမယ်

21/09/2026

ထဲ အရည်ရွှဲနေ/အနှစ်ပါတဲ့ အသား ( အစားအစာ)တွေကို Basket ထဲ
ဒီအတိုင်း တိုက်ရိုက် ထည့်နေတုန်းပဲလား? ❌

အရည်/အနှစ်ပါတဲ့ ဟင်းတွေကို ချက်တော့မယ်ဆိုရင် Basket ထဲ တိုက်ရိုက်မထည့်ဘဲ / glass/ Silicon ခွက် (သို့) အနားမြင့် Parchment Paper Liner လေးတွေ ခင်းပြီးမှ ထည့်ချက်ပေးပါနော်!

📌 နောက်ပြန်ကြည့်လို့ရအောင် Save ထားပြီး Air Fryer သုံးတဲ့ သူငယ်ချင်းတွေကိုပါ Share ပေးပါဦးနော်

#မီးဖိုချောင်

18/09/2026

🍵 Tea Bag သောက်တဲ့အခါ
ဒီအချက်လေးကို သတိထားပါ! ⚠️

ပလတ်စတစ်ကွန်ရက်အိတ် (plastic Mesh) /
ပိရမစ်ပုံစံ လက်ဖက်ခြောက်အိတ်( pyramid tea bag) တွေကရေနွေးထဲမှာ Microplastic & Nanoplasticအမှုန်တွေ ထွက်နိုင်တယ်ဆိုတာ
သိပါသလား?

❗Tea Bag တိုင်းမှာ Plastic ပါတယ်လို့ မဆိုလိုပါဘူး။❗

ဒါပေမယ့် Nylon / PET လို ပလတ်စတစ်ပစ္စည်းတွေ အသုံးပြုထားတဲ့ Mesh/Pyramid Tea Bag တွေကို ရေနွေးပူပူနဲ့ စိမ်တဲ့အခါ Plastic အမှုန်လေးတွေ ထွက်လာနိုင်ပါတယ်။

⚠️ ဒီအမှုန်တွေက လူတွေရဲ့ ကျန်းမာရေးကို ဘယ်လောက်အထိ ထိခိုက်စေတယ်ဆိုတာကိုတော့ လက်ရှိအချိန်မှာ တိတိကျကျ မသတ်မှတ်နိုင်သေးပါဘူး။

ဒါကြောင့် Tea Bag ရွေးတဲ့အခါ—

✅ လက်ဖက်ခြောက် (အရွက်လိုက်)
Loose-leaf tea

Stainless steel (စတီးလ် လဖက်ခြောက်စစ် ခွက်)

Glass infuser(ဖန် ရေနွေးကြမ်းစစ်အိုး)
တ်ု့ကို သုံးပါ

✅ Tea Bag ဆိုရင် plastic-free / natural-fiber bag လို့ ရေးထားတာတွေကို ရွေးပါ

⚠️ Mesh/Pyramid ပုံစံ Tea Bag တွေမှာ ဘာ material သုံးထားလဲ Label ကို စစ်ကြည့်ပါ

အလွယ်ဆုံးနည်းကတော့
လက်ဖက်ခြောက်ကို (စတီးလဖက်ခြောက်စစ်ခွက်)Stainless steel infuser လေးနဲ့ စိမ်သောက်တာပါ။ 🍵

👉Tea Bag သောက်တတ်တဲ့သူတွေကို
ဒီ Post လေး Share ပေးထားပါနော်

#အိမ်ရှင်မ #လဖက်ရည်ကြမ်း

14/09/2026

#ရေသန့်ဗူး ကြီးတွေကို ဘယ်လိုဆေးကြောကြမလဲ ?

ရေသန့်ဗူးကြီးတွေကို
🍋ရှာလကာရည် (သို့) သံပုရာရည်လေး
သုံးပြီး ဗက်တီရီးယားနဲ့ ရေဂျီးတွေကို အလွယ်တကူ ဆေးကြောသန့်စင်နည်း အဆင့်ဆင့်ကို ပုံမှာ ကြည့်လိုက်ပါဦးနော်။

ရေဗူးအတွင်း၌ ချောကျိကျိဖြစ်နေခြင်း၊
မကောင်းသော အနံ့ဆိုးထွက်ခြင်း၊
နောက်ကျိနေသော အနည်များတွေ့ရှိပါက
ရေသန့်ဗူးကို ပုံမှန် မကြာခဏ ဆေးကြောသန့်စင်ပေးပါ။

သန့်ရှင်းတဲ့ ဗူးထဲက ရေကို သောက်မှ မိသားစုလုံး ကျန်းမာမှာပါ။

ဒီလို food safety tips လေးတွေအတွက်
Follow -----Fresh Fuel by Jasmine

#ရေသန့်ဗူး #ရေသန့် #အိမ်ရှင်မ

あなたの事業をNagoya-shiのビューティーサロンのトップに掲載しませんか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

ウェブサイト

住所


Nagoya-shi, Aichi

アラート

Fresh Fuel By Jasmineが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

メール登録

Nagoya-shiに新しい情報があればお知らせします。