Bein' Shan

Bein' Shan

共有する

Bein' Shan, 美容・化粧品・パーソナルケア, Tokyoの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

13/09/2024

🐚✨ကိုယ်တိုင်ရိုက် ကိုယ်တိုင်ပြင်ဆင်ထားသော
ကျွန်မချစ်သော ရတနာများ Epi 1🐚✨

✨TK Takara Jewellery က
ပဲ့ကိုင်ရှင်ကို ကူညီပံ့ပိုး ပေးထားတာလေးပါ✨

✨Live Sale လည်း ရောင်းချပေးဖို့ လာကမ်းလှမ်းလို့သျှံ
အဲ့အလုပ်တွေကို လက်မခံတာလည်း ကြာ
ညီမလေးလို ခင်ရတဲ့ သူမို့ သူလည်း

first time live sale ရောင်းမယ့် သူလည်းဖြစ်လို့
အားရှိအောင် ဘေးကနေ ပံ့ပိုးပေးဖို့

🗝️သျှံတို့ မြန်မာစံတော်ချိန် ညနေ 17:30 pm
Jpan စံတော်ချိန် 20:00 pm မှာ

🔔First Time Live Sale အထိမ်းအမှတ် အနေနဲ့
Live Sale အတွင်း ဘာယူယူ 5% discount
များကို အပြေးယူဖို့ ဖိတ်ခေါ်ပါတယ်🙈

🗝️ကိုယ်ကတော့ သဘောကျတယ်
ဘာလို့ဆို Discountလည်းရ
ဝယ်ရင်း လှူလည်း ဖြစ်မှာပါ

📢live အတွင်း ရောင်းချထားတဲ့ အမြတ်ထဲကမှ
မြန်မာပြည်ရေဘေးသင့် ပြည်သူများအတွက်
ရန်ပုံငွေ ထဲ ကူညီပေးဖို့တွေလည်း ရှိပါတယ်

🌿ဒါ့ကြောင့် ပစ္စည်းဝယ်ရင်း အလှူဒါန လည်း ဖြစ်
ကိုယ့်အတွက် စုမိစောင်းမိလည်း ဖြစ်လို့

လာရောက် ကြည့်ရှု့ ဝန်းရံ အားပေးပေးကြပါဦးနော်

🐚✨Fb page - TK Takara Jewellery 🐚✨
https://www.facebook.com/profile.php?id=61550800619141

03/08/2022

သျှံ ရဲ့ အဓိကလက်ဝတ်ရတနာ စုဆောင်းရတဲ့
ဝါသနာအရ ဒီအလုပ်လေးတွေကို
လက်ခံပေး ကူညီပေးခဲ့ပါတယ်...

ကိုယ်တိုင်လည်းကြိုက်တယ် ဝယ်တယ်၊ဝတ်တယ်
ရတနာပစ္စည်းကိုင်နေ ရရင်ကို
စိတ်ကျေနပ်ပျော်နေသူဆိုတော့

ဒီအလုပ်တွေဟာ ဝါသနာနဲ့အထုံပါမှ အစဉ်ပြေကြတာပါ
ဒီအလုပ်နဲ့ သဟဇာတ တည့်ပြီး အထုံပါမှလည်း
အလုပ်ဖြစ်ကြတာပါ။

အချိန်ရယ် စိတ်ရယ် နှစ်ပြီး live နဲ့ဈေးရောင်းရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးရှင်...

အဲ့နေ့ live ရိုက်တဲ့ည အိမ်ရောက်ရင် ပါးစပ်တွေရော ၊မျက်လုံးတွေရော၊မေးရိုးပါချောင်ပါတယ်
လူက အရမ်းပင်ပန်းတာပါ။

ကိုယ်လည်း ဆရာမကြီးမဟုတ်ပေမယ့်
ပုရိတ်သတ်စိတ်ဝင်စားအောင် ပြောရတာ
လွယ်တဲ့ကိစ္စမဟုတ်ပါဘူးနော် ...

Celeမဟုတ်တော့ cmt တွေမှာ
ပြည့်ကျပ်သက်အောင် cmtတွေတတ်'မတတ် '
ကိုယ့်ဘက်က လူ့စိတ်တွေကိုခေါ်ယူရတာ ကိုယ့်တာဝန်ပါ

ပုရိတ်သတ်က ပစ္စည်းတန်ဖိုး
ပုရိတ်သတ်လိုချင်တဲ့ ပစ္စည်းရှိမရှိ မေး'မမေး'
ကိုယ်က သူတို့စိတ်ဝင်စားအောင်ဗဟုသုတလေးတွေ ညှပ်ပြီး စကားခေါ်ရတာလည်း ပညာပါ ...

မိမိဝါသနာ ပစ္စည်းအလှ
စကားပြောအတတ်ပညာလေးက ရှိနေမှ
ဒီအလုပ်က ဖြစ်မြောက်တာပါရှင်

ပစ္စည်းတွေပြတတ်ဖို့လည်း လိုတာပေါ့နော်
ကြည့်တဲ့ပုရိတ်သတ်အပေါ် မူတည်တာပေါ့

ဒါ့ကြောင့် လူတိုင်း live ရိုက်ဈေးရောင်းချခွင့်ရှိပါတယ်...
သူ့ဆန်းနဲ့ သူ့အထုံလည်း ရှိပါတယ်...
live ရောင်းရင်း မရောင်းရဘူး ဆိုပြီး
စိတ်ဓာတ်လည်း မကျစေချင်ပါဘူး ...

ဒီစာလေးရေးရတာဟာ
လာမေးကြတဲ့ တိုင်ပင်ကြတဲ့ လူတွေလည်း ရှိတော့
စိတ်ဓာတ်မကျစေချင်လို့ပါ ...

လူဆိုတာ ရပ်မနေဖို့ပဲလိုတာပါ
ပညာတစ်ခုမဟုတ်တစ်ခု သင်ယူနေသေးသ၍
သင်ဟာ တနေ့ထက်တနေ့ တိုးတက်နေတဲ့
လူတစ်ယောက် ဖြစ်နေဦးမှာပါ
လူတိုင်းလည်း မိမိအကြောင်း သိစရာမလိုပါဘူး

ဒီစာလေးဟာ
သျှံစေတနာထား၍ ဒီလိုရေးရတာပါ

အထုံနဲ့ ပါရမီမပါရင် ဒီအလုပ်နဲ့အစဉ်မပြေရင်
နောက်အလုပ် လုပ်ကြည့်ပြီး
ကိုယ့်luck လေးကို ရှာဖွေကြည့်ပါနော်...

သျှံတို့လည်း ဝါသနာပါပေမယ့်အထုံနဲ့ပါရမီမပါလာတဲ့
ပညာရပ်တွေစွန့်လွှတ်လိုက်ရတာတွေရှိပါတယ်လို့
ဒီနေရာကနေ ကိုယ်ချင်းစာတရားနဲ့
သျှံ ဖြစ်ဖူးတဲ့ အတွေ့အကြုံသေး'လေးတွေကို
မျှဝေလိုက်ရပါတယ်နော် ...

ဆရာလုပ်ခြင်း ရွှဲ့ရေးခြင်းမဟုတ်လို့
သျှံစာလေးများကို
သင့်ရဲ့ အဖြူထည်စိတ်လေးနဲ့ သာ ဖတ်စေလိုပါသည် ...

အေးချမ်းကြ၍
လူအချင်းချစ်ခင်စိတ်ဖြင့်သာ ကြည့်မြင်နိုင်ကြပါစေရှင် ...

သျှံရဲ့ အမှတ်တရလေးများ ....

https://fb.watch/jERn-7o5OX/?mibextid=qC1gEa

https://fb.watch/iE4CE71-4G/?mibextid=4Y0WGk

https://fb.watch/iE4Oqc2wif/?mibextid=4Y0WGk

https://fb.watch/iE4-TYeCP6/?mibextid=4Y0WGk

https://fb.watch/iE52H_k7qD/?mibextid=4Y0WGk

https://fb.watch/iE59f0Q_Dt/?mibextid=4Y0WGk

https://fb.watch/iE5gR5q_hz/?mibextid=4Y0WGk

https://www.facebook.com/hnincherrykimono/videos/507279537453509/

https://www.facebook.com/share/v/bNd2iNnZaZi5dSsD/?mibextid=WC7FNe

あなたの事業をTokyoのビューティーサロンのトップに掲載しませんか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

ウェブサイト

住所

Tokyo

営業時間

土曜日 08:00 - 23:00
日曜日 08:00 - 23:00

アラート

Bein' Shanが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

メール登録

Tokyoに新しい情報があればお知らせします。